ကရသူရိမြို့၊ ကြိမ်မဲတောင်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံမှ မြေသားပြိုကျမှုဖြစ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင် ကျေးရွာတွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်နံရံမှ​မြေသား ပြိုကျမှု ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ကမ္ဘောဇဘဏ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကုသရေးအတွက် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများလှူဒါန်း

ကမ္ဘောဇဘဏ်မှ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ရောဂါခံစား နေရသော Positive လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသော ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၁၅၀)၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ ကိုဗစ်-၁၉ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် တာဝန်ထမ်း‌ဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၅၀)၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်း (၇)မျိုးတို့အားပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာရိပ်သာတွင် ဖွင့်လှစ်ထားသော ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီရုံးခန်း၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့တွင် ကိုဗစ် - ၁၉ ဖြစ်ပွားသည့်ကာလ ကျေးရွာနေပြည်သူ များ စားဝတ်နေရေး အဆင်ပြေစေရန် ဆန်များ ပေးဝေလှူဒါန်း

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာနေ အလှူရှင် ဦးကျော်ဝင်း - ဒေါ်စိုးစိုးဝင်း (မိဘဂုဏ်ရည်ဆန်စက်) မိသားစုက နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့်ကာလ ပွင့်ဖြူမြို့နယ် အင်းဒေါင်း ကျေးရွာ ၊ မုန်းမြင့်ကျေးရွာရှိ ဝင်ငွေနည်း လယ်ယာလုပ်သား ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေ စေရန် ရည်ရွယ်၍ စက်တင်ဘာ ၂၈ ရက် ၊ ညနေ ၄ နာရီက အဆိုပါ ကျေးရွာများသို့ သွားရောက်ပြီး ဆန်များပေးဝေလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံလူတန်းစားများအတွက် စေတနာရှင်များက အခြေခံ စားသောက်ကုန် ပစ္စည်းများထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စု(၄၉) စုအတွက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း စား၀တ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့က စေတနာရှင်များစုပေါင်း၍ အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးရေးစီမံကိန်း၏ ကျေးရွာသစ်လှုပ်ရှားမှု စံပြ ကျေးရွာအတွက် ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူးရေး စီမံကိန်း၏ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။

အင်းစိန်မြို့နယ် Super Sunday လူမှုကူညီရေးအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန် Isolation Gown အထည်(၁၆၀၀)အား လာရောက် လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်ရှိ Super Sunday လူမှုကူညီရေး အသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ

မိုင်းဖြတ်၌ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်တွင် အသက် ၈၀ နှစ်တင်းတင်း ပြည့်ပြီးသည့် ဘိုးဘွားများနှင့် အသက် ၈၅နှစ် တင်းတင်း မပြည့်သေးသည့် ဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ၃နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

နမ့်ဆန်၌ နယ်ဝေးမှ ဝင်ရောက်လာသည့်သူများ(၈၅)ဦးအား အသွားအလာကန့်သတ် စောင့်ကြည့်ရေး စခန်းတွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက ဦးဆောင်၍ မြို့အဝင်၊ အထွက်ဂိတ်များထားရှိ စစ်ဆေးပြီး ယခုတွင် နယ်ဝေးမှ ဝင်ရောက်လာသည့်သူများအား အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိ၍ စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲဆုရစာရင်းများ ကြေညာ

ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်အမျိုးသမီးအားကစား ကော်မတီတို့ပူးပေါင်း ကြီးမှူးကျင်းပသည့် ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲတွင် မြို့နယ်အလိုက် ဆုရရှိသည့်စာရင်းများကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကြေညာပေးခဲ့ကြောင်း သိရှိရသည်။

တံတားဦးမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် စက်တင်ဘာလ(၂၆)ရက်နေ့ ည(၁၀)အချိန်ခန့်က မီးဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးတိုးချဲ့ဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
Subscribe to