ကျောက်ပန်းတောင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲလာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူများနှင့် လာရောက်စောင့်ဆိုင်းသူမိဘပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူငယ်ကွန်ရက်အဖွဲ့မှ ဦးဆောင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှု လာရောက်စောင့်ဆိုင်းသူမိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို၊ ယနေ့ နံနက်(၁၁)နာရီက အမှတ်(၁)အ.ထ.ကအနီး၊ မြန်မာ့ဆက်သွယ်ရေး(MPT) ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။