စဉ့်ကိုင်မြို့နယ်တွင် အခြားနည်းလမ်းဖြင့် အခွင့်အရေးလိုင်စင် (၆) ခုအား လေလံရောင်းချပွဲ ကျင်းပ

စဉ့်ကိုင် စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် အခြားနည်းလမ်းဖြင့် အခွင့်အရေးလိုင်စင် () ခုအား လေလံရောင်းချပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ လေလံဆွဲရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရွှေခိုင်က လေလံဆွဲပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးလှ၀င်းက လေလံဆွဲရာတွင် လိုက်နာရမည့် စည်းမျည်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လေလံဆွဲပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်ဘီးကောက်လိုင်စင်၊ ဘယ်လင်း (အမဲ) သားသတ်၊ တအုံ (ကူးတို့) လိုင်စင်၊ ရွာဘို(ကူးတို့) လိုင်စင်၊ စော်ရဲ(၀က်)သားသတ်လိုင်စင်၊ မီးသွေးဘုတ် (ကူးတို့) လိုင်စင်()ခုတို့ကို လေလံဆွဲခဲ့ကြရာ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးလှ၀င်းနှင့် ကော်မတီအဖွဲ့၀င်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦး၀င်း၀င်းစိုးမြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးရွှေခိုင်တို့ ကြီးကြပ်၍ အခြားနည်းလမ်းဖြင့် အခွင့်အရေးလိုင်စင်()ခုအား လေလံရောင်းချပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်ပြန်/ဆက်)