ကိုကိုးကျွန်း စက်တင်ဘာ ၂၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ ကိုကိုးကျွန်းမြို့န ယ်မှ အပ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှပြည်သူအားလုံးမိမိအိမ်တွင်သာ နေထိုင်ကြရန် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ် အတွင်းပါဝင်နေသော ကိုကိုးကျွန်းမြို့နယ်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်ရာတွင် ကိုဗစ်-၁၉ ကင်းစင်နယ်မြေဖြစ်သောကြောင့် ပါဝင်ခြင်းမရှိသော်လည်း ဓာတ်ခွဲအတည်ပြုလူနာများပြား လာမှုကြောင့် ရောဂါကူးစက်ပျံ့နှံမှုကို ပိုမိုထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက် များအတိုင်း ပြည်သူလူထုမှာ အသွားအလာ နည်းပါးမှုဖြင့်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြကြောင်းသိရသည်။
ကိုကိုးကျွန်း(ပြန်/ဆက်)