ကိုဗစ်-၁၉ ကူးစက် ရောဂါ ဖြစ်ပွားမှု ကြောင့် ကျေးလက် နေပြည်သူများ ကြုံတွေ့ရသောစီးပွားရေးအခက်အခဲများ ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်-၁၉ကာလစီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ကျေးရွာမတည်ရန်ပုံငွေ (Type-1)ရှိကျေးရွာတစ်ရွာလျှင် ငွေ သိန်း(၃၀၀) ဖြင့်ကျေးရွာ (၇)ရွာအတွက်ငွေကျပ်(နှစ်ထောင့်တစ်ရာသိန်းတိတိ)ဖြင့်လည်းကောင်း၊ (Type-2)ရှိကျေးရွာတစ်ရွာလျှင် သိန်း(၂၀၀)စီဖြင့်ကျေးရွာ၂ရွာအတွက် ငွေကျပ်(သိန်းလေးရာတိတိ)၊ (Type-3)မှကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာ၄ရွာအတွက်ငွေကျပ်သိန်း (လေးရာ တိတိ)ဖြင့် ကျေးရွာ ပေါင်း ၁၃ ရွာ၌စီမံကိန်းရန်ပုံငွေပေါင်းကျပ်(သိန်းနှစ်ထောင့်ကိုးရာ တိတိ)ကိုကျေးရွာကော်မတီထံသို့ လွှဲပြောင်းပေးအပ်ကာ ဒေသခံပြည်သူများ၏ အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်း များကိုဆောင်ရွက်ပေးခဲ့ရာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အဆိုပါ လုပ်ငန်း များ မှာ ရာနှုန်း ပြည့်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။