ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး Mask များဝေမျှခြင်းနှင့် ပြည်သူများ နေအိမ်တွင် နေထိုင်ရေးမေတ္တာရပ်ခံနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရမှုမှ ကင်းဝေးစေရေး စျေးများတွင် နှာခေါင်းစည်း (Mask) များ ဝေမျှခြင်းနှင့် မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်း မရှိစေရေး မေတ္တာရပ်ခံနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်ကာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အတွင်းရှိ စျေးများနှင့်အမှတ်(၂၆)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းမတွင် ဆောင်ရွက် ခဲ့ကြသည်။

လိပ်သိုဒေသအတွင်းရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးပစ္စည်းများလှူဒါန်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ သံမိုးတောင်၊ မြတ်သာကုန်း၊ ထမုံ ကျေးရွာနှင့် ညောင်ကုလားထိုင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ နေ့လယ်ပိုင်းက လိပ်သို မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်၊ လိပ်သိုတိုက်နယ် ပြည်သူ့ဆေးရုံ တာ၀န်ခံ ဆရာ၀န် ဒေါက်တာဇေယျာဦးနှင့် တာ၀န်ရှိသူ များက သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ပဉ္စမနှစ်မြောက် ပြန်လည်ထုတ်ချေး

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးလက်နေဒေသခံ တိုင်းရင်းသား ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ရောင်း၊ ကုန်ဝယ်လုပ်ငန်းများမှ အပိုဝင်ငွေများရရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများကို မြို့နယ်အတွင်း၌ ကျေးရွာ(၂၉)ရွာအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ Cash For Work စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ပန်ဟုန်း၊ကောင်းစံ၊ ကုန်းမုံကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရေးမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့်အသက်(၈၅)နှစ်ကြား သက်ကြီးဘိုးဘွား (၁၄၈၃) ဦးတို့အား ထောက်ပံ့ငွေများပေးအပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၄)အုပ်စုရှိ အသက်(၈၀)နှစ် ပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီးရွယ်အိုဘိုးဘွား (၁၄၈၃)ဦးတို့အား ကိုဗစ် -၁၉ စီးပွါးရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို အဘိုး အဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်နှင့်အညီ သွား‌ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် Mask Campaign နှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမိသားစု ပြန်လည်ဆက်သွယ်ပေးရေးဌာန၏ နေရပ်ပြန်ပြည်သူများနှင့် ဒေသခံပြည်သူများအား အကူအညီပေးရေးစီမံချက်အရ Mask Campaign နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ် ၅ ရပ်ကွက် ရှိ ရွှေမြင်းဝန်းဘုရားမြောက်ဘက်မုဒ်တွင် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့ပေါ် (၁၂) ရပ်ကွက် ကိုဗစ် - ၁၉ ကာကွယ်ရေး စစ်ဆေးရေး ဂိတ်များအတွက် အနာဂတ် လူငယ်ပရဟိတအဖွဲ့မှ နှာခေါင်းစည်း (Mask) များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေး အတွက် မြို့ပေါ် (၁၂) ရပ်ကွက်တွင် လမ်းများအလိုက် အဝင်/အထွက် စစ်ဆေးရေးဂိတ်များကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက် (၁၂) ရပ်ကွက်တွင် စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း၏ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေ လွဲပြောင်းပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန သထုံခရိုင်ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုးရီးယားသမ္မတနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ(Korea Climate Change Center)အထောက်အပံ့ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့် မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟားခါးမြို့၌ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ (၁၀၀)ဦးအထိ ရှိ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ မြို့ဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းများ တင်းကြပ်စွာဆောင်ရွက် လာခြင်းကြောင့် ဟားခါးမြို့နယ်အတွင်း စက်တင်ဘာလ ၂၉ ရက်နေ့အထိ ပြည်တွင်း၊ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်သူ စုစုပေါင်း(၁၀၀)ဦးအထိရှိလာကြောင်း ဟားခါးမြို့နယ် (COVID-19) ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
Subscribe to