ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ ရက်ပြည့်သူ (၁၆) ဦးအား Swab နမူနာ (၂) ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၁၆ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်စောင့်ကြည့်လူနာများအား နှာခေါင်းတို့ဖတ်၊ အာ ခေါင်တို့ဖတ် ရယူခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ Community Based Facility Quarantine Centre များတွင် ထားရှိသောစောင့်ကြည့်လူနာများအား ယနေ့နံနက်ပိုင်းတွင် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူစစ်ဆေးပေးခဲ့ကြောင်းသိရသည်။

ပင်လောင်းမြို့တွင် လမ်း၊ တံတား၊ ရေပေးရေး၊ ငွေလုံးငွေရင်းလုပ်ငန်းနှင့် (မွမ်းမံ)လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စည်ပင် သာယာရေးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လမ်း၊ တံတား၊ ရေပေးရေး၊ ငွေလုံးငွေရင်း လုပ်ငန်းများနှင့် (မွမ်းမံ)လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

HDD Entry Point မှ မြန်အောင် Gas Turbine မီးစက်ကြီးအထိ (၁၀) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အရှည် (၃)မိုင် ဆက်သွယ်ခြင်းလုပ်ငန်းကြောင့် သီးနှံပျက်စီးမှုများအား လျော်ကြေးငွေပေးအပ်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မြန်အောင်ရေနံမြေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် HDD Entry Point မှ မြန်အောင် Gas Turbine မီးစက်ကြီးအထိ (၁၀) လက်မ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အရှည် (၃)မိုင် ဆက်သွယ်ခြင်းလုပ်ငန်းကြောင့် သီးနှံပျက်စီးမှုများအားသီးနှံလျော်ကြေးငွေ ပေးအပ်ခြင်းကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

မြောင်မြို့နယ်ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ On Line မှတစ်ဆင့် အသိပညာ ပေး လုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကိုဗစ်- ၁၉ရောဂါ ကာလအတွင်း ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရေး အတွက် ရည်ရွယ်ကာ On Line မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

လပွတ္တာ၌ နှာခေါင်းစည်းနှင့်မျက်နှာအကာ စနစ်တကျ တပ်ဆင်ရန် သက်ဆိုင်ရာမှ ညွှန်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးပိုင် စျေးများတွင် ယနေ့မှစ၍ စျေးရောင်းချသူများအား နှာခေါင်းစည်းသာမက maskနှင့် face shield ကို စနစ်တကျ တပ်ဆင်ပြီး စျေးရောင်းချရန် သက်ဆိုင်ရာမှ ညွှန်ကြားကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တို   မြို့နယ်၊ မြို့မစျေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့မစျေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုကို ယနေ့ နံနက်ပိုင်းမှစ၍  ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မံစီမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Lockdown ချထားသော လမ်းများရှိ  အိမ်ထောင်စုများ အတွက် ဆန်၊ဆီ၊ကြက်သွန်၊ဆားနှင့် Sunday Coffee များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာ မြို့နယ် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၉) ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက် ၊အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၁၄)ရပ်ကွက်များရှိ Lockdown ချထားသော

ရွှေကူမြို့နယ်၌ လူနေအိမ်များတွင် ဧရာဝတီမြစ်ရေများ ဝင်ရောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် မြစ်ရေကြီးခြင်း အသိပေးနှိုးဆော်ခြင်း ဆောင်ရွက်

ကချင်ပြည်နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ဧရာဝတီမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် ရွှေကူမြို့ပေါ်ရပ်ကွက်ရှိ မြေနိမ့်ပိုင်းနှင့် ကျေးရွာအချို့ရှိ လူနေအိမ်များအတွင်း ဧရာဝတီမြစ်ရေများ ဝင်ရောက်ခဲ့ရာ အိမ်ထောင်စုများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၍ ယာယီပြောင်းရွှေ့ နေရာချထားကြောင်း သိရသည်။
Subscribe to