ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေးအနီး ရွှေပုဏ္ဏမီ ရွှေဆိုင် မိသားစုမှ ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်က အနှေးယာဉ်လုပ်သား (၄၂၁)ဦးနှင့် လှေလေး ယာဉ်လုပ်သား(၄၈)ဦး၊ စုစုပေါင်း(၄၆၉)ဦးကို တစ်ဦးလျှင် ဆန်(၆)ပြည်စီဖြင့် ဆန်အိတ် (၁၂၅)အိတ်၊ ခန့်မှန်းတန်ဘိုးငွေကျပ် (၃၃)သိန်းကျော် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။