မကွေးတိုင်းဒေသကြီး ထီးလင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်း(Mask)တပ်ဆင် သွားလာရေး စစ်ဆေး ဆောင်ရွက်

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါသည် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံ တွင်လည်း ကူးစက်ပျံ့ပွားလျက်ရှိသဖြင့် အဆိုပါရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရ ေးအတွက် နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာရေး ယနေ့နံနက် ၇ နာရီခွဲတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ ယောရွှေပြည်ကားဂိတ်နေရာ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် မီးသတ်တပ်ဖွဲ့စခန်းတည်ဆောက်

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာရုံး(၂၁)ရုံးဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၃၆၃)စုဖြင့် စုစုပေါင်းလူဦးရေ (၁၅၃၂) ဦး ရှိပါသည်။ အဆိုပါ လူဦးရေ၏ အိမ်ထောင်စုများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးသတ်ဦးစီးဌာနမှလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးလျက်ရှိပါသည်။

ဘောလခဲခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲမြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု များ ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/အထွက် စုပေါင်းဂိတ်တွင် ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု အရှိန်မပျက်ဆောင်ရွက်နေမှုအား စစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ "ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ" စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

တနိုင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများနှင့် ရေတိုက်စားခံရသည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းရေကျော်ခြင်းနှင့် ရေတိုက်စားမှုများဖြစ်ပွားလျက်ရှိရာ လမ်းကြောင်းများ ယာယီပြတ်တောက် လျှက်ရှိပြီး အဆိုပါ နေရာများတွင် အများပြည်သူများသွားလာရာ၌ ဘေးအန္တရာယ်မဖြစ်ပွားစေရန် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ယ၎င်းန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ဘားအံခရိုင်တွင် မဲရုံပေါင်း ၅၀၁ ရုံဖြင့် ရွေးကောက်ပွဲ ကျင်းပရန် လျာထား

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း ၅၀၁ ရုံဖြင့်ကျင်းပသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့၏ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့်မြစ်ကမ်းဘေးနေထိုင်သူများအထူးသတိပြုနေထိုင်ကြရန်လိုက်လံ နှိုးဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီး ဌာန ၏ ယနေ့နံနက် ( ၆ ) နာရီအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် (၆၈၇ ) စင်တီမီတာသို့ ရောက်ရှိနေပြီး ထီးချိုင့်မြို့၏စိုးရိမ်ရေမှတ် (၇၄၀) စင်တီမီတာသို့ရောက်ရှိ လာနိုင်ပါသဖြင့် မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးဂရုပြုနေ ထိုင်ရန်နှင့် ကျွဲ၊ နွားများအား ကြိုတင်ပြောင်းရွှေ့ထားရန် အသိပေးနှိုးဆော်ခြင်းအား ယနေ့နံနက် ( ၉ ) နာရီအချိန်က လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

ကသာခရိုင် ဗန်းမောက်မြို့ ၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေး အသိပညာ ပေးခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာကြရာ တွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေး အသိ ပညာပေးခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းကစတင်၍ ဗန်းမောက်မြို့နယ် မြို့တော်ခန်းမရှေ့၌ ဆောင်ရွက်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် Stay at Home အစီအစဉ်အရ ယာဉ်များအား စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့
Subscribe to