ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုးမြင့်လာမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာ လမ်းမပေါ်၌ မြစ်ရေကျော်မှု ဖြစ်ပွား၍ ဌာနဆိုင်ရာများ ကူညီဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုးမြှင့်လာမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာ ကားလမ်းမ ပေါ်၌ ယနေ့က မြစ်ရေကျော်မှုဖြစ်ပွားခဲ့ရာ သွားလာရေး အဆင်ပြေစေရန် သက်ဆိုင်ရာ ဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တင်ဒါခေါ်ယူ

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအနက် ရန်ပုံငွေ ကျပ် (၁၀) သန်းမှ သန်း (၁၀၀) ကြားရှိ တင်ဒါလုပ်ငန်းများအတွက် မြို့စည်ပင် သာယာရေးအဖွဲ့မှ လုပ်ငန်းတင်ဒါခေါ်ယူလျက်ရှိသည်။

ခန္တီးခရိုင် မိုဝိုင်းလွတ်မြို့တွင် စည်ပင်သာယာရေးရန်ပုံငွေ ၂၈ သိန်းဖြင့် လက်နှိပ်တုံကင် ရေတွင်း( ၅ ) ခုတူးဖော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် စည်ပင်သာယာရေးရန်ပုံငွေ ၂၈ သိန်းဖြင့် လက်နှိပ်တုံကင်ရေတွင်း( ၅ ) ခုတူးဖော်ရာ ယနေ့တွင် လုပ်ငန်းရာနှုန်ပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရ သည်။

ကလေးခရိုင် မင်းကင်းမြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ စိုက်ပျိုးထား သောလယ်မြေများအား ပိုးမွှားရောဂါ ကျရောက်ပျက်စီးမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊မင်းကင်းမြို့ သင်္ဘောကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော လယ်မြေများအား ပိုးမွှား ရောဂါ ကျရောက် ဖျက်စီးမှု ရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် နေရပ်ပြန်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိစစ်ဆေးနိုင်ရေး ဓာတ်ခွဲ နမူနာများရယူ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု ပလိပ် အခြေခံပညာ အထက်တန်းကျောင်းတွင် Facility Quarantine ဝင်ရောက်နေသည့် နေရပ်ပြန်များအား ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်းတို့ပတ်နှင့် အာခေါင်တို့ပတ် နမူနာများရယူခြင်းကို ယနေ့နံနက်(၉)နာရီက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့မဈေးကြီးအတွင်း နှာခေါင်းစည်းတပ်ဆင်ပြီး ရောင်းချမှု ရှိ/ မရှိစစ်ဆေး ကျန်းမာရေး အသိပညာ ပေးနှိုးဆော်

စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်းရေးအတွက် စစ်ကိုင်း မြို့မဈေးကြီး အတွင်း ဈေးရောင်းချသူ/ ဈေးဝယ်လာပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင် ရောင်းချမှု ရှိ/ မရှိကို ဈေးအကျိုးတော်ဆောင်များက နေ့စဉ် စစ်ဆေးပေးလျက် ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့ တောင်ငူပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာလ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး ရဲမှူးဦးဝင်းတင် ဦးစီးသည့် အရာရှိ  (၂) ဦး ၊အခြားအဆင့် (၁၈) ဦးတို့သည် စက်တင်ဘာလ (၂၉) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

ရွှေပြည်သာမြို့နယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် Quarantine Centre   များအား လာရောက်ကြည့်ရှု စစ်ဆေး

ရန်ကုန်‌‌မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုများ ပြားလာသည်နှင့်အမျှ ရောဂါပိုးတွေ့ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများအား ထားရှိနိုင်ရန်အတွက်

သံ‌တောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့် (၈၅) နှစ် အတွင်း ဘိုးဘွားများအား ထောက်ပံ့ငေွပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှု အစီအစဉ်အရ အသက်(၈၀) နှင့် (၈၅) နှစ်အတွင်း သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း ဦးစီးဌာန မှ ထောက်ပံ့ငွေများကို ယမန်နေ့က သံတောင်မြို့ပေါ်ရပ်ကွက်များတွင် အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန်  လှည့်လည် နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာနှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီက နှိုးဆော်ခဲ့သည်။
Subscribe to