ဒဂုံတောင် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်( ၂၆ )ရပ်ကွက်ရှိ ယဉ် ကျေးမှုနှင့်အနုပညာ တက္ကသိုလ်ဝင်းအတွင်းရှိ စာသင်ဆောင်များဖြစ်သည့် ကုမုဒြာစာသင်ဆောင်နှင့် ကံ့ကော် စာသင်ဆောင် များတွင် Quarantine Center အဖြစ် ကိုဗစ် - ၁၉ ရောဂါနှင့်ဆက်စပ်သည့် အနံ့ပျောက် နေသူများ အားသီး သန့် ထားရှိနိုင်ရေးနှင့် ရောဂါပိုးကူး စက်မှုထိန်းချုပ်ပြတ်တောက်နိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက် နေမှုများအား ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ ပိုင်းခရိုင် ခရိုင်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး လုပ် ငန်းကော်မတီဥက္ကဌ ခရိုင် အုပ်ချုပ် ရေး မှူး ဦးထွန်းနိုင်ကိုမှ ယမန်နေ့ မွန်းလွဲပိုင်း (၁၄:၄၅) အချိန် က ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းကော်မတီ နာယကများဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးနိုင် အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းနိုင် မြို့နယ်ကိုဗစ် - ၁၉ ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များက ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအတိုင်းဆောင်ရွက်ထားရှိသည့် သန်ရှင်းရေးလုပ်ငန်း များ စောင် ခြင်ထောင် ခေါင်းအုံးအပါအဝင် လူသုံးကုန်ပစ္စည်းများ ဖြန့်ခွဲပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ရေလုံ လောက်စွာရရှိ ရေးနှင့် ရေချိုးခန်းများသီးခြားစီ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အမှိုက်ပုံးများချထားမှုနှင့် စွန့်ပစ် အမှိုက်များ ပြန် လည်သိမ်းဆည်းဆောင်ရွက်မှုအခြေအနေ ရေပြတ်တောက်မှုမရှိစေရေးအတွက် အရန်ရေအား မီးသတ်ရေယာဉ် ဖြင့် ဖြည့်တင်းဆောင်ရွက်မည့်အခြေအနေ လျှပ်စစ်မီးများ သွယ်တန်းဖြည့်ဆည်းတပ်ဆင် ထားရှိမှုအခြေအနေ လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် Volunteerများ အတွင်းစည်းအပြင်စည်း ချထား မှု အ ခြေအနေ ဧည့်ခံကျွေးမွေးရေးနှင့် ကြီးကြပ် ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည့် အခြေအနေများအား ရှင်း လင်းတင်ပြကြရာ ခရိုင်ဥက္ကဌ ခရိုင် အုပ်ချုပ် ရေးမှူးဦးထွန်းနိုင်ကိုမှ လိုအပ်သည်များ အ မြန်ပြင်ဆင် ဆောင် ရွက်ရေး ဆွေးနွေးမှာကြားကာ အခန်း အလိုက် ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှု စစ်ဆေး ခဲ့သည်။
အဆိုပါ Quarantine Center သည် ကိုဗစ် - ၁၉ရောဂါနှင့်ဆက်စပ်သည့် အနံပျောက်နေသူ များအား သီးသန့် ထားရှိနိုင်ရေးနှင့် ရောဂါပိုးကူးစက်မှု ထိန်းချုပ်ပြတ်တောက်နိုင်ရေးအတွက် အနံ့မရသူ (၄၀၀)ဦးထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြာင်း မြိုနယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိ ရသည်။
သန်းသန်းအေး(ပြန်/ဆက်)