ကျိုက်ဒုံမြို့မဈေး၌ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် Mask Campaign များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကျိုက်ဒုံ စက်တင်ဘာ ၂၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်နေ့နံနက် ၇ နာရီက ကိုဗစ် − ၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ကျိုက်ဒုံမြို့မဈေး၌ ဈေးရောင်း ဈေးဝယ်သူများကို Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ နယ်မြေစခန်းမှူး ရဲအုပ်ထွန်းနေဦးနှင့် ရဲတပ်ဖွဲ့များ၊ ဈေးကော်မတီဝင်များမှ ကမ်ဘာတစ်ဝှမ်းတွင်း ဖြစ်ပွားနေ သော ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေး ကျိုက်ဒုံမြို့တွင် ကိုဗစ် − ၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဈေးရောင်း ဈေးဝယ်သူများကို Mask များ၊ Face Shield များ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ကျိုက်ဒုံမြို့စည်ပင်ဦးစီးမှူး ဦးသန့်ဇော်မှ ဈေးရောင်းဈေးဝယ်သူများ လိုက်နာရမည့် စည်းမျဉ်စည်းကမ်းများ hand speaker အသုံးပြု၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)