ငွေဆောင်- ချောင်းသာ ဓာတ်လိုင်းသွယ်တန်းရာတွင် သီးနှံပင်များဆုံးရှုံးမှု အတွက် တောင်သူများအား သီးနှံလျော်ကြေးငွေများပေးအပ်

ငွေဆောင်   စက်တင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ၂၄ နာရီမီးရရှိနိုင်ရေးအတွက် ငွေဆောင်မြို့ ဓာတ်အားခွဲရုံမှချောင်းသာခွဲရုံသို့ ၆၆ ကေဗွီဓာတ်အားလိုင်း သွယ်တန်းရာလမ်းတစ်လျှောက်တွင် ပါဝင်သော သီးနှံပင်များဆုံးရှုံးမှုအတွက် တောင်သူများ အား သီးနှံလျော်ကြေးငွေများ ပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါပေးအပ်ပွဲတွင် ပုသိမ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးခင်ဇော်က အမှာစကား ပြောကြားခဲ့ပြီး ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက သီးနှံများပျက်စီးဆုံးရှုံးခဲ့ သည့် တောင်သူ(၃၀) ဦးတို့ကို လျော်ကြေးငွေကျပ်(၁၄၆,၅၂၄,၀၀၀)အား Social Distancing နှင့်အညီ ပေးအပ်ခဲ့ကြောင်းသိရသည်။

မူမူသွင်(ပြန်/ဆက်)