ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရေး နှင့်ပတ်သက်ပြီးချောင်းဆုံမြို့နယ်တွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ တွေ့ရှိ လာပါက ကြိုတင် ပြင်ဆင်မှုများအနေဖြင့် ဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တွင် ယနေ့ နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့်ပတ်သက်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့် တာဝန်ရှိသူများက ဆွေးနွေး ခဲ့ကြသည်။