လှိုင်းဘွဲမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများမှ အလှူငွေများ ပေးအပ်လှူဒါန်း
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။