ဝက်လက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင် တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ၂ဝ၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့ ၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် ပြည်သူများစိတ်ချလုံခြုံစွာမဲပေးနိုင်ရေးအပါအဝင်လုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများကို အထူးရဲသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဝက်လက်မြို့အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Stay at Home ကာလအတွင်း မလိုအပ်ဘဲ နယ်မြေကျော်သွားလာခြင်းမရှိစေရန် တားမြစ်စစ်ဆေးခြင်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်နိုင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)တွင် နေထိုင်သူများအနေဖြင့် Stay at Home အဖြစ် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို ထိထိရောက်ရောက် လိုက်နာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီက နယ်မြေကျော်သွားလာခြင်းမရှိစေရန် စစ်ဆေးခြင်းကို ရန်ကုန်မြောက်ပိုင်း ခရိုင် လှည်းကူးမြို့နယ် ကျွန်းကလေးတိုးဂိတ်နှင့် အ.ထ.က(လှည်းကူး)ကျောင်းရှေ့တို့တွင် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဖယ်ခုံမြို့နယ်၌ အထူးရဲတပ်ဖွဲ့ဝင်များလုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးတာဝန်များ ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဖယ်ခုံမြို့အထက(၁)ခန်းမတွင် ကျင်းပခဲ့သည်။

မွေးစမှ (၁) နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မွေးစမှ(၁)နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံ မြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း ၂၀ နှင့် ၈၂ လမ်း‌ထောင့်ရှိ တဝဂူဘုရားအတွင်း၌ ပြုလုပ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲကျင်းပ

ပဲခူးမြို့၊ အမှတ်(၂)ရဲတပ်ဖွဲ့စခန်းမှ ကြီးမှူးပြီး ယနေ့ နံနက် ၈ နာရီခွဲက ပဲခူးမြို့ မဇင်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းတွင် အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင် တွင် တာဝန်ထမ်းဆောင်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးPositive ၇ ဦး တွေ့ရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ပုလဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး Positive ၇ဦး တွေ့ရှိ၍ မြို့နယ် ပြည်သူ့ဆေးရုံ၌ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း မြို့နယ် COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သီပေါမြို့နယ်တွင် အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှင့်(၈၅)နှစ်အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ သီပေါမြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က နမ့်ပုံးပုံးရပ်ကွက်၊ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နွားထိုးကြီးမြို့နယ်ရဲတပ်ဖွဲ့ အထူးရဲသင်တန်းဖွင့်လှစ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ‌ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များ ဆောင်ရွက်သည့်ကာလအတွင်း လုံခြုံရေးလုပ်ငန်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အထူးရဲများခန့်အပ်ခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမ၌ ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် World Vision မှ ကိုဗစ်−၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များ လာရောက် လှူဒါန်း

ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ပုလောမြို့နယ် World Vision က ကိုဗစ်−၁၉ ရောဂါ အသိပညာပေး လက်ကမ်း စာစောင် စောင်ရေ (၃၀၀) ကို ယမန်နေ့ နံနက် (၁၀)နာရီခွဲက လာရောက် လှူဒါန်းခဲ့သည်။
Subscribe to