ထီးချိုင့် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် အသက်(၈၀) မှ (၈၅) နှစ်ကြား ဘိုးဘွား များအား Covid-19 ရောဂါထိန်းချုပ်နေသောကာလအတွင်း ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁ )နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးစိုးလွင်က နိုင်ငံတော်မှ Covid-19 ရောဂါ ထိန်း ချုပ်နေသောကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ထောက်ပံ့နေမှုများကို ရှင်း လင်း ပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် သက်ဆိုင်သူများလက်ဝယ်အရောက် ပေးအပ် သွားရန်နှင့် မည့်သည့်ငွေကြေးပြဿနာများမပေါ်ပေါက်အောင် ဂရုပြုဆောင်ရွက်သွား ရန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ အသက်(၈၀)မှ(၈၅) နှစ်ကြားဘိုးဘွား (၆၂၅) ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ( ၁၈၇၅၀၀၀၀) သိန်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ထား သော စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များမှတဆင့်ဘိုးဘွားများ၏လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရဲလင်းထွန်း ( ထီးချိုင့် )