မိုင်းရယ်၌ မဲရုံလုံခြုံရေးများဆောင်ရွက်ရန် အထူးရဲသင်တန်းဖွင့်လှစ်

မိုင်းရယ်   အောက်တိုဘာ

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲများအား သင်တန်း ဖွင့်လှစ် ပို့ချခြင်းကို ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က မိုင်းရယ်မြို့ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မိုင်းရယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ပီတာမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စခန်းမှူး ဒုရဲမှူး ကျော်သိန်းနိုင်က သင်တန်းစည်းကမ်းချက်များအား မှာကြားခဲ့သည်။

အဆိုပါ မဲရုံလုံခြုံရေးအဖြစ် ဆောင်ရွက်ရန်အတွက် အထူးရဲအဖြစ် တာဝန်ထမ်းဆောင်မည့်သူများအား မဲရုံဆိုင်ရာ လုံခြုံရေးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လိုက်နာ ရမည့်လုပ်ငန်းတာဝန်များအားရှင်းလင်း ပို့ချမည်ဖြစ်သည်။

မိုင်းရယ်မြို့နယ်အတွင်း မဲရုံ (၄၅)ရုံရှိပြီး တစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်းဖြင့် အထူးရဲ (၄၅)ယောက်နှင့် အထူးရဲ(အရံ) ဦး စုစုပေါင်းအား (၄၇) ဦးအား သင်ကြားလျက်ရှိရာ သင်တန်းကာလမှာ နေ့စဉ် နံနက်(နာရီ ၃၀ မိနစ်)မှ ညနေ(၃ နာရီ ၃၀မိနစ်)အထိ ဖြစ်ပြီး အောက်တိုဘာလ ရက်နေ့မှ ၂၈ ရက်နေ့ထိ (၂၈)ရက်ကြာ ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်