မန္တလေး အောက်တိုဘာ ၁
မန္တလေး၊ အောင်မြေသာစံမြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဌာရေးနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန ်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများတွင် ပါဝင်လှူဒါန်းသူများနှင့် ပူးပေါင်းဆောင်ရွက်သူ များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီက အောင်မြေသာစံမြို့နယ်၊ ၆၄လမ်း၊ ၂၄လမ်းနှင့်၂၅လမ်းကြားရှိ မဟာဇေယျာဘုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ဂုဏ်ပြုပွဲ ပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားကာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ကျော်ဦးက ရပ်ကွက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင်ပါဝင်လှူဒါန်းပေးကြသည့် အလှူရှင်များနှင့် မဟာဇေယျာဘုံရပ်ကွက် လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ရပ်မိရပ်ဖ ဦးသန်းထိုက်က ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါဂုဏ်ပြုပွဲသို့ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်ကျော်ဦး၊ အောင်မြေသာစံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်လုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မျိုးမင်းနှင့် ရာအိမ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)