မိုင်းပျဉ်းမြို့နယ်တွင် MPT Sim Card များ အခမဲ့မှတ်ပုံတင်ခြင်း ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉နာရီက ဟောင်ကန် ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာ့ဆက်သွယ်ရေးဌာနမှ MPT Sim Card များ အခမဲ့မှတ်ပုံတင်ခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။