ဥတ္တရသီရိမြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံလုံခြုံရေးအထူးရဲသင်တန်း ဖွင့်လှစ်

ဥတ္တရသီရိ အောက်တိုဘာ 

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲရုံလုံခြုရေး အထူးရဲခန့်အပ်တာဝန် ချထားပေးနိုင်ရန် "အထူးရဲသင်တန်း" ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဥတ္တရခရိုင်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက ရွေးကောက်ပွဲကျင်းပနေစဉ် ကာလအတွင်းမဲရုံလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများလုံခြုံရေးကိုဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များ နှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ သင်တန်းတွင် စစ်ရေးပြ (လက်နက်မဲ့) ရဲကျင့်ဝတ်ဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေဘာသာရပ် အစရှိသည့်ဘာသာရပ် ၁၃ ခုကို သင်ကြား ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈)အုပ်စုမှ မဲရုံ(၄၉)ရုံအတွက် အထူးရဲစုစုပေါင်း (၄၉)ဦးတို့အား သင်တန်းနည်းပြ (၄)ဦးမှ အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)