ထန်းတပင် (ပဲခူး) အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည် သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မဲရုံအ သီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်ရမည့် အထူးရဲ(၉၄)ဦးကို ခန့်အပ်၍ လုံခြုံရေးတာဝန်အပြည့်ထမ်း ဆောင်နိုင်စေရန်သီရိမင်္ဂလာခန်းတွင်(၄၁)ဦးနှင့်ဇရပ်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ (၅၃)တို့အား အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၉)အုပ်စု အတွင်း မဲရုံ (၉၄)ရုံအတွက် အထူးရဲ (၉၄)ဦးတို့အား မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် သီရိမင်္ဂလာ ခန်းမနှင့် ဇရပ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်းလေ့ကျင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)