ရေကြီးနစ်မြုပ်သည့် ကျေးရွာများအား မိုးစပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ်သည့် ကျေးရွာများအား မိုးစပါးမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ တိုးချဲ့ဆောင်၌ ကျင်းပကြောင်းသိရသည်။

မိုင်းငေါ့မြို့၌ မဲရုံလုံခြုံရေးများ ဆောင်ရွက်ရန် အထူးရဲသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံ‌ရေး ဆောင်ရွက်ရန်အတွက် အထူးရဲများအား သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၇) နာရီအချိန်ခန့်က မိုင်းငေါ့မြိုအခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြိမ်(၂၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဟင်္သာတမြို့မှ ကျပ်သိန်းတစ်‌သောင်းငါးထောင်ဆု ဆွတ်ခူး

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းက ထွက်ရှိသည့် အကြိမ်(၂၀)မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ဟင်္သာတမြို့ နတ်မော်လမ်း၊ ကမ္ဘောဇဘဏ်ခွဲ(၁) အရှေ့တွင် ဖွင့်လှစ်ရောင်းချသည့် မင်္ဂလာ စွယ်တော်ထီဆိုင်တွင် ထီထိုးသွားခဲ့သည့် ဦးခင်မောင်ညွန့်က လ ၉၁၄၂၃၇ ပေါက်ဂဏန်းဖြင့် ကျပ်သိန်းတစ်သောင်းငါး‌ ထောင်ဆုကြီးကို ဆွတ်ခူးရရှိကြောင်း သိရသည်။

ကသာခရိုင်နှင့် ကောလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သဘာဝဘေးဖြစ်ပွားမှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကသာခရိုင်နှင့် ကောလင်း ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း သဘာဝဘေးဖြစ်ပွားမှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့က ကသာခရိုင်စီမံခန့်ခွဲမှု ကော်မတီအစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် အထူးရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၀) သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ၂၀၂၀ပြည့်နှစ် နိုင်ဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံမှု လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အတွက် အထူးရဲသင်တန်းအမှတ်စဉ် (၁/၂၀၂၀)ကို ယနေ့နံနက်ပိုင်း ၉နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စုပေါင်းရုံးခန်းမတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။

ပုလောမြို့နယ်၌ ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ သက် (၈၀)နှင့် (၈၅) နှစ်အကြား ဘိုး/ဘွားများအား ထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အသက် ၈၀ နှင့် ၈၅ နှစ်အကြား ဘိုး/ဘွား များအတွက် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အထူးရဲသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲဆန္ဒရှင် စာရင်းများထုတ်ပြန်ကြေညာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ရပ်ကွက်‌၊‌ကျေးရွာအသီးသီးတွင်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်​ရေးအတွက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနောက်ဆုံးအကြိမ် မဲဆန္ဒရှင်များစာရင်းကိုသက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာလ ၁ရက်​​နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပြန်‌ကြေညာ ထားကြောင်းသိရသည်

မိုင်းလုံ အထကကျောင်းခန်းမ၌ အထူးရဲသင်တန်း ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်ပွဲကို မိုင်းလုံ အထကကျောင်းခန်းမတွင် ယနေ့နံနက်(၈)အချိန်ခန့်က ကျင်းပခဲ့သည်။

လိပ်သိုမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲရုံ လုံခြုံရေးအတွက် အထူးရဲ သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာ၀န်ထမ်းဆောင်ရန် အထူးရဲသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ ကတ်သလစ်ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to