လင်းခေးတွင် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

၂ဝ၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင် ရေးအတွက် လင်းခေး မြို့နယ်ရဲတပ်ဖွဲ့က ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်း ဖွင့်ပွဲအခမ်း အနား ကို ယနေ့ နံနက် ၈ နာရီက လင်းခေးမြို့၊ပုန်းထွန် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲသင်တန်း ဖွင့်လှစ်

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲတွင်၊ မဲရုံများ လုံခြုံရေးတာဝန်ပေးအပ်နိုင်ရေးအတွက်၊မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်၌အထူးရဲသင်တန်းဖွင့်ပွဲကို၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှကြီးမှူး၍ ယနေ့ နံနက်၈နာရီခန့်က အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ကျင်းပသည်။

ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို နေ့စဉ် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ Lockdown ချထားသော လမ်းများရှိ အိမ်ထောင်စုများအတွက် စားသောက်ကုန်များနှင့် Mask များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၂၀) ရပ်ကွက်ရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ Sunday Coffee နှင့် နှာခေါင်းစည်း Mask များကို ယမန်နေ့ ညနေပိုင်းက ပေးအပ်လှူဒါန်းသည်။

မိုင်းပျဉ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံးရေများတွင် Bateria များ ပါဝင် မှုကို သိရှိနိုင်စေရန်ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများ အသုံးပြုလျှက်ရှိသော သောက်သုံးရေများတွင် Bateria များပါဝင်မှု ကိုသိရှိနိုင်ရန် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန် ရှိသူများက ကွင်းဆင်းစစ် ဆေးခဲ့ကြကြောင်းသိရသည်။

ဒီးမော့ဆိုတွင် နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား စစ်ဆေးအရေးယူ ဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆောင်ရွက်

မဲရုံဆိုင်ရာဆင့်ပွားသင်တန်းသို့ တက်ရောက်ရန် ဖားကန့်သို့လာမည့် ဆရာ/ဆရာမ အားလုံး Facility Quarantine (၁၄)ရက် နေရမည်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်တို့တွင် ဖွင့်လှစ်မည့် မဲရုံဆိုင်ရာ ဆင့်ပွားသင်တန်းကို တက်ရောက်ရန် ဖားကန့်မြို့နယ်ပြင်ပမှ လာရောက်ကြမည့် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာကျောင်း၌ သင်တန်းမတက်ရောက်မီ Facility Quarantine (၁၄)ရက် နေကြရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာနိုင်ရေး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထား ကြေညာနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ (၃)နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့သည်။
Subscribe to