ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း များကို ဒုတိယအကြိမ်အဖြစ် ယနေ့နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အထူးရဲသင်တန်းဖွင့်လှစ်

၂၀၂၀ပြည့်နှစ်နိုဝင်ဘာ၈ရက်နေ့တွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှ ဦးစီး၍ အထူးရဲ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရာပြည့်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

တနိုင်းမြို့နယ်၌ မဲရုံ(၂၃)ရုံတို့တွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ပို့ချ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံအသီးသီးတွင် လုံခြုံရေးဆောင်ရွက်ရန်အတွက် အထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက မြို့နယ် ရဲတပ်ဖွဲ့မှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

တုံတာမြို့၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယ အကြိမ်အဖြစ် ယနေ့ နံနက် ၇ နာရီမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများကြေညာ

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလတွင် ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ဒုတိယအကြိမ်(နောက်ဆုံး) မဲဆန္ဒရှင်စာရင်း များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကပ်ထားကြေညာခဲ့ပါသည်။

မက်မန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရွေးကောက်ပွဲလုံခြုံရေးတာဝန်ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲ သင်တန်း ဖွင့်လှစ်

မက်မန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လုံခြုံရေး တာဝန် ထမ်းဆောင်မည့် ရဲတပ်ဖွဲ့ဝင်များအား အထူးရဲသင်တန်း ဖွင့်လှစ် ပို့ချခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးခန်းမတွင် ဖွင့်လှစ်ပြီး သင်တန်းဖွင့် အမှာစကားအနေဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးနိုင်ထန်းမနား၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင် နှင့် ကျန်းမာရေးမှူး ဦးစိုးကြိုင်တို့က ရွေးကောက်ပွဲ လုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ နှင့် သက်ဆိုင်သည့် အကြောင်းအရာ များကို မှာကြားခဲ့ကြောင်း သိရှိရ ပါသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်၊ ကာကွယ်နိုင်စေ ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ သည်။

ကံမမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင်   ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ  လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအတွက်  မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ (၉၇)ဦးခန့်အပ်သွားမည်ဖြစ်ရာ   အောက်တိုဘာ ၁ ရက် မှစတင်၍ မြို့နယ်အတွင်း  သက်ဆိုင်ရာနယ်မြေအလိုက်    သင်တန်းဖွင့်လှစ်ပို့ချပေးလျက် ရှိသည်။

မွန်ပြည်နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ပဉ္စမအကြိမ် ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ မိသားစုစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ပဉ္စမအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက ထောက်ပံပေး အပ်ခဲ့သည်။

၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်း (၁/၂၀၂၀)ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲကို ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန်ခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။
Subscribe to