ကျောက်မဲမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားမည်ဖြစ်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ တွင် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အောက်တိုဘာ ၁၄ ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက် တိတိ (နံနက် ၇ နာရီမှ ည ၉ နာရီအထိ )ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။