ကျောက်မဲမြို့ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောက်လုပ်နေသည့် ခန်းမအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အလှူရှင် များဖြင့် စုပေါင်းအားဖြင့်တည်ဆောက်ရှိသော အလျား ပေ ၁၀၀ ၊ အနံ ပေ ၄၀ ရှိ ရွှေရတုခန်းမဆောင်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းနှင့် အလှူရှင်များက အလှူငွေနှင့် ပစ္စည်း များ သွားရောက်လှူဒါန်းပေးခဲ့ရာ ကျောင်းအကျိုးတော်ဆောင် ဦးစိုးထွန်းနှင့် ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်မြင့် တို့က လက်ခံခဲ့ကြောင်းသိရသည်။