ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့ လူစည်ကားရာနေရာများတွင် ဘုရားသုံးဆူမြို့ မီးသတ်တပ်ဖွဲ့ဝင်များက Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

လှည်းကူးမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ ဒုတိယအကြိမ် ထုတ်ပြန် ကြေညာထားမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည် စာရင်းများကို ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ(၁) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်း လာရောက်ကြည့်ရှုမှုအခြေအနေအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ တာဝန်ရှိသူတို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် ပစ္စည်းများကို မြို့မိမြို့ဖများက လှူဒါန်း

ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် ဖျာပုံမြို့ရှိ မြို့မိမြို့ဖများက ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ နေ့စဉ် အလှူငွေများ လှူဒါန်းလျက်ရှိသည်။

ပေါင်းတည်မြို့နယ်ရှိ ကျွဲကြာကိုင်း၊ သပြေကြီးစု၊ ရှမ်းကုန်း၊တစောင်းကြီးကုန်း၊ ချောင်းနား၊ညောင်ဇင်ကျေးရွာ (၆)တွင်( NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးလင်းရေးအောင်ပွဲများကျင်းပ

နိုင်ငံတော်အစိုးရမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်ဖြင့် တစ်နိုင်ငံ လုံးတွင် (၂)မိုင်အတွင်းရှိ ကျေးရွာများ  မီးလင်းနိုင်ရေးအတွက်  ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊  ပေါင်းတည်မြို့နယ်တွင်လည်း (၂) မိုင်အတွင်းရှိ   ကျေးရွာ (၂၁)ရွာအား၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလကုန်တွင် မီးလင်းနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ သောက်သုံးရေဖူလုံစွာဖြန့်ဝေပေးနိုင်ရေး ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်(ဝမ်ဝိန်း)တွင် ဒေသခံပြည်သူများအား သောက်သုံးရေဖူလုံစွာဖြန့်ဝေပေးနိုင်ရေးအတွက် ရေပိုက်လိုင်းများသွယ်တန်းခြင်းကို မြို့ရုံးစည်ပင်သာယာရေး ဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆွမ်းဆန်စိမ်းများ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါများ ဖြစ်ပွားနေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများရှိ စာသင်တိုက်များသို့ ဆွမ်းဆန်စိမ်းများ အဆင်ပြေ စေရန် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းထားသည့် ဇောတိကအဖွဲ့မှ ဆွမ်းဆန်စိမ်းများကို ယမန်နေ့နေ့လယ ၁၂ နာရီခွဲက သွားရောက် လှူဒါန်းခဲ့သည်။

ရပ်စောက်မြို့နယ်တွင် အသက်(၈၀)နှစ် နှင့်(၈၅)နှစ် မပြည့်သေးသည့် သက်ကြီးဘိုးဘွား (၅၀၇)ဦးအား လူမှုရေး ပင်စင် ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်မှ(၈၅)နှစ်မပြည့်သေးသည့် သက်ကြီးဘိုးဘွား များအား ယမန်နေ့က ထောက်ပံ့ ငွေများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

လမ်းမတော်မြို့နယ် Quarantine Centre တွင် ဒုတိယအကြိမ်အဖြစ် နှာခေါင်းနှင့် အာခေါင်တို့ပတ် ရယူရေးဆောင်ရွက်

လမ်းမတော်မြို့နယ်တွင် ဆောင်ရွက်ထားရှိသော အမှတ်(၈)ရပ်ကွက်ရှိ အ.ထ.က(၁) ကျောင်း Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိခဲ့သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ Primary Contact များအား ထားရှိလျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ /မရှိသိရှိနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab)နမူ နာ ရယူခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေးအတွက် အဖွဲ့စုံဖြင့် စစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေးအတွက် အဖွဲ့စုံဖြင့် စစ်ဆေး ခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အင်းစိန်လမ်းမကြီးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းပြီး စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းကို ဗလမင်းထင်ကျောက်တိုင် လမ်းဆုံ၊ ဟိုခုံလမ်း ဆုံနှင့် မုန်းလိုက်တံတားရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တို့တွင် နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Subscribe to