အင်တော အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာလအတွင်း သက်ကြီးဘိုးဘွားများ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက် ၈၀ မှ ၈၅နှစ်အကြား ထောက်ပံ့ ငွေများကို ယမန်နေ့ နံနက်ပိုင်း ၁၁ နာရီက ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမူဝန်ထမ်း၊ ကဘ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ ဘိုးဘွား တစ်ဦး လျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ကျောက်ဂူကျေးရွာအုပ်စုအတွင်းရှိ အသက်၈၀ မှ ၈၅နှစ်အတွင်း သက်ကြီးဘိုးဘွား(၅၉)ဦးအတွက် စုစုပေါင်း ငွေ(၁၇၇၀၀၀၀)ကျပ် အား ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးဦးသန်းအောင်၊ ကျေးရွာ တာဝန်ခံနှင့် စာရေးဝန်ထမ်းက လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ခိုင် (အင်တော)