ကျောက်တလုံးကြီး အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့နယ် ၊ ဖာမွန်းကျေးရွာအုပ်စု ၊ လုံးခြက်ကျေးရွာ ၌ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP)အစီအစဉ်ဖြင့် 11KVဓာတ်အားလှိုင်း(၅၀)ပေ၊ 11/o.4KV,(50)KV ထရန်စဖော်မာ(၁)လုံးနှင့် ဒေသခံပြည်သူလူထုပူးပေါင်းပါဝင်သည့် ရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လှိုင်းများ တည်ဆောက်ပြီးစီး၍ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က ပြုလုပ် ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖာမွန်းကျေးရွာအုပ်စု ၊ လုံးခြက်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားသို့ တောင်ကြီး မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဉီးခွန်သူရအောင်၊ ကျောက် တလုံးကြီး မြို့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အင်ဂျင်နီယာဦးအောင်မျိုးဦးနှင့်ဖာမွန်း ကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူး ဦးခွန်ကျော်သင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
ကျောက်တလုံးကြီးမြို့တွင်မြို့ပေါ်(၆)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၇)စုတို့ မှ ကျေးရွာပေါင်း(၁၄၂) ရွာသာ ရှိသော်လည်း ဖြန့်ဖြူးပေးသောဓါတ်အားလှိုင်းအရတောင်ကြီးမြို့နယ်၊ ဖာမွန်းအုပ်စုနှင့်ထီဖောင်း အုပ်စု(၂) စုတို့မှ ကျေးရွာပေါင်း(၄၈)ရွာအား ကျောက်တလုံးကြီးမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ ဓာတ်အား များ ဖြန့်ဖြူးပေးထားကြောင်း၊ ဖာမွန်းကျေးရွာအုပ်စုတွင်(၃၄)ရွာရှိသည့်အနက် အမျိုးသား လျှပ်စစ် ဓာတ် ရရှိရေး စီမံကိန်း(NEP)အစီအစဉ်ဖြင့် လုံးခြက်ကျေးရွာသည် ပထမဆုံး မီးလင်း သည့် ကျေး ရွာဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့လျှပ်စစ်အင်ဂျင်နီယာဦးအောင်မျိုးဦးထံမှ သိရသည်။
မြဝင်း(ပြန်/ဆက်)