ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသက် ၈၀ နှင့် ၈၅ နှစ်ကြား ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ဟိုပုံး စက်တင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက် ၈၀ နှစ်နှင့်  ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ မန်နေ့မွန်းလွဲ နာရီအချိန်က ဟိုပုံးမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီး ဘိုးဘွား ၁၈၅ ဦးအား တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း သက်ကြီး ဘိုးဘွားများအား စားဝတ်နေရေးအဆင်ပြေစေရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့သော ဘိုးဘွားတစ်ဦး လျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဟိုပုံးမြို့နယ်အတွင်းရှိ အသက်  ၈၀နှစ်နှင့်  ၈၅ နှစ်ကြား သက်ကြီးဘိုးဘွား ၁၈၅ ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေပေါင်း ,၅၅၀,၀၀၀ကျပ်ကို လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးဝန်ထမ်း များက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

နေမင်းထွန်း(ဟိုပုံး)