ညောင်ရွှေ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ အထက(၁)၌ အသွားအလာကန့်သတ်ထားရှိသူ (၆၅)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရန် ယမန်နေ့နံနက်ပိုင်းက ဓာတ်ခွဲနမူနာများ ရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲနမူနာများကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ က ရယူခဲ့ပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတစ်ဆင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အထက(၁) ညောင်ရွှေ ရှိ အသွားအလာကန့်သတ် ထားရှိသူများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
နေမျိုးသူရိန်