ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ မဂွေဇ-ခေါင်လန်ဖူးလမ်းစီမံကိန်းအားကွင်းဆင်း စစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလက်အောက်ရှိ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၇ ရက်နေ့မှ (၂၇)ရက်နေ့အထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင် စီမံကိန်းပေါ်ရှိလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။