ပုံပါကျင်မြို့တွင် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးကွင်းဆင်းဆောင်ရွက်

 

ပုံပါကျင်                အောက်တိုဘာ             ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ပုံပါကျင်မြို့၊နမ့်ဟူးခွန်ကျေးရွာအုပ်စု၊နမ့်ဟူးခွန်ကျေးရွာတွင် အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း အသိပညာပေးခြင်းကို ယမန်‌နေ့ နံနက်(၁၁)နာရီက မိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုင်းအေးလှိုင်နှင့် အဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ရှိ ကျေးရွာများအတွင်း မွေးမြူထားသော ဝက်များ ရောဂါကူးစက်မှု မရှိစေရေး၊ ဝက်များသေဆုံးမှုရှိပါက  စနစ်တကျမြေမြုပ်ရေး၊ အာဖရိကဝက်အပြင်းဖျား ရောဂါလက္ခဏာများ၊ ရောဂါကူးစက်ပုံအဆင့်ဆင့်နှင့် ကာကွယ်ရေးလုပ်ငန်းများ၊ရောဂါဖြစ်ပွားပါက ကူးစက်မှု လျော့နည်းစေရေးအတွက် ကာကွယ်နည်းစနစ်များ၊ရောဂါမဖြစ်ပွားမီနှင့် ဖြစ်ပွားပြီး ကာကွယ်ဆေးထိုးနည်းနှင့် ဆေးဖြန်းနည်းများ အကြောင်းကို အသိပညာပေးဆွေးနွေးခဲ့သည်။ထို့နောက် ကျေးရွာနေပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

စန္ဒီ(ပြန်/ဆက်)