မိုင်းငေါ့ အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်မြို့အဝင် ကျန်းမာရေး စစ်ဆေးရေး ဂိတ်တွင် ကျန်းမားရေး စစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းသို့ ဝင်/ထွက် သွားမည့် ခရီးသွားများ အားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း ၊ခရီးသွားရာဇာဝင်များရေးမှတ်ခြင်း ၊Maskများ စနစ်တကျ တပ်ဆင်ရေး စသည့်ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် စင်္ကာပူရောက် မိုင်းငေါ့သူ/သား များဖြစ်သည့် အရှင်ဝေပုလ္လနှင့်အဖွဲ့မှ (Mask)နှာခေါင်းစည်း(၃၀)ဗူးပေး ပို့လှူဒါန်းခြင်းကို မိုင်းငေါ့မြို့ အာမာန်သစ် ပရဟိတ လူငယ်အသင်းမှ တစ်ဆင့်လှူဒါန်းပေးရာ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးမှ လက်ခံရယူခဲ့ ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ပြန်/ဆက်)