လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ အရှိန်မြှင့်ဆောင်ရွက်

လွိုင်ကော် အောက်တိုဘာ ၅


ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သည့် အလေ့အထရရှိစေရန် ရည်ရွယ်၍ လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍  လွိုင်ကော်မြို့ မြို့လယ်နာရီစင်၊ သီရိမင်္ဂလာဈေး (တောင်ဈေး)နှင့် မိုင်းလုံး မီးပွိုင့်တို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် မြို့လယ်နာရီစင်၊ သီရိမင်္ဂလာဈေး(တောင်ဈေး)နှင့် မိုင်းလုံးမီးပွိုင့်တို့၌ သွားလာနေကြသော ပြည်သူများအား ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
 Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် လမ်းသွား ၊ လမ်းလာ ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ပါက ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန် အသိပညာပေးပြောကြားပြီး Mask နှစ်ခုကို ငွေကျပ် (၁၀၀ဝိ/-)ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရှိရသည်။
အောင်ထွန်းလေး (ပြန်/ဆက်)