ကြံခင်းမြို့နယ် တလိုင်းကွင်းအုပ်စု အောင်မြင်ကိုင်းကျေးရွာ တာပေါ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသော အိမ်ထောင်စု(၅)စုအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် တလိုင်းကွင်းအုပ်စု အောင်မြင်ကိုင်းကျေးရွာ တာပေါင်သို့ ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စု(၅)စုအား ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့တို့က စားသောက်ကုန်(၇)မျိုးအား သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။