ကျောင်းကုန်း အောက်တိုဘာ ၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် အဖြစ် ယခုလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၄)ရက်ကြာ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးများ၌ ကြေညာကပ်ထားပေးလျက် ရှိကြောင်း သိရသည်။
ဆန္ဒမဲပေးမည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင် လွှာ တင်သွင်းခြင်းများကို မဲစာရင်းကြေညာ ထားသည့် (၁၄) ရက်အတွင်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကျောင်းကုန်းမြို့နယ်အတွင်း၌ မဲရုံပေါင်း (၁၂၅) ရုံထားရှိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)