ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ သက်ကြီးဘိုးဘွား များအား ထောက်ပံ့ငွေများပေးအပ်

ဒေးဒရဲ  အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းမှ အသက်(၈၀)နှစ်မှ (၈၅)နှစ်အတွင်း အဘိုးအဘွားများအား မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ‌ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း ဦးစီးဌာနက ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်မှ (၈၅)နှစ်အတွင်း ရက်ကွက်(၃)ခုတွင် အဘိုး (၄၁)ဦး၊ အဘွား(၈၆)ဦး ပေါင်း(၁၂၇)ဦးနှင့် ကျေးရွာအုပ်စု (၉၀)တွင် အဘိုး (၃၆၉)ဦးနှင့် အဘွား(၅၆၁)ဦး ပေါင်း(၉၃၀)ဦး၊ စုစုပေါင်း (၁၀၅၇)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် အောက်တိုဘာလ (၁)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အဘိုးအဘွားများ၏ လက်ဝယ်အရောက် ကွင်းဆင်း သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)