ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး ခြင်းနှင့် Mask Campaign ပြုလုပ်

ပန်းတောင်း  အောက်တိုဘာ  ၅


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာအတွင်းရှိ ပြည်သူများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျေးရွာအတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် စျေးများနှင့် ရွှေဘုံသာဘုရားရှေ့များတွင် Mask တပ်ဆင်သွားလာစေရန် အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း မတပ်သူများ အား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများအား နှာခေါင်းစည်းဝေငှပေးခြင်း၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း တပ်ဆင်ကြရန် ၊ လူစုလူဝေးနေရာများကို မလိုအပ်ဘဲသွားလာခြင်းမပြုရန် စသည်တို့ကိုလည်း Hand Speaker များနှင့် ပြည်သူများ သိရှိစေရန်အတွက် ကြေညာပေးခြင်းများ၊ ကိုဗစ်-၁၉ သီချင်းဖြင့် ပညာပေးကပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)