ပုလောမြို့နယ်ရှိ Quarantine Centre တွင် အသုံးပြုနိုင်ရန် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါစောင့်ကြည့်ရေးစခန်းအဖြစ်ထားရှိသော မိုးလုံလေလုံခန်းမနှင့် ကျောက်တောင်ဘုန်းတော်ကြီးကျောင်းရှိ Quarantine Centre တွင် အသုံးပြုနိုင်ရန် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပုလောမြို့နယ်ခန်းမ၌ ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့်အဖွဲ့များက ပေးအပ်လှူဒါန်းခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab) များရယူဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ဆောင်ရွက်ထားရှိသော အ.ထ.က တံတားရှိ Community Based Facility Quarantine Centre တွင် ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိခဲ့သူနှင့် အနီးကပ် ထိတွေ့ခဲ့သူ Primary Contact အား ထားရှိလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန် တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက နှာခေါင်းနှင့်အာခေါင်တို့ပတ် (Swab) ရယူခြင်းကို ဆောင်ရွက်ပေးခဲ့သည်။

ဇလွန်မြို့နယ် ညောင်ပင်စျေးရပ်ကွက်အတွင်းရှိ စားဝတ်နေရေးအခက်အခဲရှိသည့်အိမ်ထောင်စု ( ၆၅၀ )ကို ဆန်ရိက္ခာထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ညောင်ပင်စျေးရပ်ကွက်အတွင်းရှိ အမှန်တကယ်စားဝတ်နေရေး အခက်အခဲ ရှိသည့် အိမ်ထောင်စုများကို ယနေ့နံနက်ပိုင်းတွင် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကွမ်းလုံမြို့၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် နေရပ်မှ ပြန်လည်ရောက်ရှိလာသော ဆရာ/ဆရာမ များအား Facility Quarantine ထားရှိ

ရှမ်းပြည်နယ်​(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် မိမိနေရပ်များမှ ပြန်လည်ရောက်ရှိလာသော ဆရာ/ဆရာမများအား အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ)၌ ကျန်းမာရေးစောင့်ကြည့်မှု (Facility Quarantine)(၁၄)ရက်ကို ယနေ့ နံနက်ပိုင်းတွင် ထားရှိဆောင်ရွက်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် Stay at Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုလားအပ်ဘဲ သွားလာမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ Stay at Home ကာလအတွင်း နေအိမ်ပြင်ပ သို့ ပြည်သူများ မလိုလားအပ်ဘဲသွားလာခြင်း မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ရန်ကင်းမြို့နယ်၏ အဓိက လမ်းမကြီးများတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် Physical Fitness Dance Online Challenge ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး အသိပေးနှိုးဆော်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန(နေပြည်တော်)မှ ကြီးမှူးကျင်းပသည့် Physical Fitness Dance Online Challenge ပြိုင်ပွဲကို အောက်တိုဘာလ ၁၉ရက်နေ့မှစတင်ကာ ကျင်းပသွားမည်ဖြစ်ကြောင်းသိ ရသည်။

နောင်ချိုမြို့အဝင် ခြေမြစ်ပင်ဂိတ်၌ ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက်ပါ/မပါစစ်ဆေး

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ယာဉ်ထိန်းများသည် ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် ရှင်းပြည်နယ်မြောက်ပိုင်း၏ ဝင်ပေါက်ဖြစ်သည့် နောင်ချိုမြို့နယ်အဝင်ခြေမြစ်ပင်ဂိတ်၌ ယမန်နေ့က ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ရောဂါ ကင်းရှင်းကြောင်း ထောက်ခံချက် ပါ/မပါ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လမ်းဆုံမီးပွိုင့် ဧရိယာ သင်္ကေတများရေးဆွဲ

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လမ်းဆုံ၊ လမ်းဝ မီးပွိုင့်နေရာများတွင် မော်တော်ယာဉ် အသုံးပြု သွားလာကြသူ များအား ယာဉ်ကြော၊ လမ်းကြော မှန်ကန်စွာ သွားလာနိုင် ကြစေရေး၊ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေ ရေးတို့အတွက် မော်တော်ယာဉ်လမ်း ယာဉ်ကြောအမှတ်အသားသင်္ကေတများ ဖြစ်သော

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း နှင့် တိုက်ခြင်းလုပ်ငန်းများအား ယနေ့ နံနက် ၉ နာရီ အချိန်ခန့်မှ စ၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဧရာဝတီ ဖောင်ဒေးရှင်းမှ Protective Chamber (Testing Both) နှစ်ခုလှူဒါန်း

ပန်းဘဲတန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံ ပညာမူလတန်းကျောင်း တွင် ထားရှိရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီထံသို့ Protective Chamber (Testing Booth) နှစ်ခုအား ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
Subscribe to