ကြံခင်းမြို့နယ် ပညာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြနိုင်ရန် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်း

ကြံခင်း   အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မြို့နယ်ပညာရေးဝန်ထမ်းများ စုပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားရောက် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

အဆိုပါလှူဒါန်းခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် ကျန်းမာရေးမှ တာဝန်ရှိသူများက လက်ခံပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်နောင်တို့က ပညာရေးဝန်ထမ်းများကိုယ်စား ငွေကျပ်(၁၀)သိန်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် သွားရောက် လှူဒါန်းခဲ့ကြောင်းနှင့် ယခုလိုလှူဒါန်းမှုသည် ဒုတိယအကြိမ်မြောက် လှူဒါန်းမှုဖြစ်ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

မိုးမိုး(ပြန်/ဆက်)