တောင်ဥက္ကလာပ အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အမှတ်(၁၀) ရပ်ကွက် ပဒေသာဈေး အတွင်း ဈေးရောင်းချသူများ သတ်မှတ်စည်းကမ်းများနှင့်အညီ ဈေးရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပဒေသာဈေးအတွင်းရှိ ဈေးရောင်းချသူ ပြည်သူများနှင့် ဈေးဝယ်သူ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်းချ ခြင်းရှိ/မရှိကို မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများနှင့် ဈေးတာဝန်ခံများ ပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)