သံတောင်ကြီး အောက်တိုဘာ ၅
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်စေ ရန် အတွက် ရွေးကောက်ပွဲကာလတွင် မဲရုံများ၏ လုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲ သင်တန်းကို သံတောင်ကြီးမြို့ရှိ သာသနာ့မဥ္ဇူကျောင်း တိုက်တွင် အောက်တိုဘာ (၁)ရက်နေ့မှ (၂၈)ရက်နေ့ အထိဖွင့် လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းတွင် အထူးရဲတပ်ဖွဲ့ဝင်များသိရှိလိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ ၊စည်းကမ်း များ၊ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ ၊ ရဲစည်းကမ်းများ ၊ လက်နက်မဲ့စစ်ရေးပြ၊ ပြည်သူလူထု နှင့်ပူးပေါင်းပါဝင်ရသည့်ရဲလုပ်ငန်းစဉ်များ စသည်တို့ကို သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိ ရသည်။
အဆိုပါသင်တန်းကို သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့တွင် သင်တန်းနည်းပြ(၈) ဦး၊ သင်တန်းသား(၂၀)ဦး၊ လိပ်သိုမြို့တွင်သင်တန်းနည်းပြ(၁၆)ဦး ၊ သင်တန်းသား(၄၇)ဦးဖြင့် သင် ကြား ပို့ချပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)