ဘောဂလိ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့၌ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိရစ္ဆာန်များကိုကူးစက်ရောဂါများမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဘောဂလိမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံစောခင်စိုးမှူးက ဖြတ်လမ်းကူးကျေးရွာတွင် ကျွဲ၊ နွားကောင်ရေ (၃၀) အား လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကျေးရွာအတွင်း၌ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းဖြင့် ဒေသခံပြည်သူများ မိသားစုဝင်ငွေအပိုရရှိစေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့နိုင်ရန်အတွက် ရည်ရွယ်၍ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။
နီလာအေး(ပြန်/ဆက်)