ကိုဗစ်-၁၉ ရောဂါကာလအတွင်း မော်တော်ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လမ်းဆုံမီးပွိုင့် ဧရိယာ သင်္ကေတများရေးဆွဲ

ရန်ကုန် အောက်တိုဘာ ၅


ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လမ်းဆုံ၊ လမ်းဝ မီးပွိုင့်နေရာများတွင် မော်တော်ယာဉ် အသုံးပြု သွားလာကြသူများအား ယာဉ်ကြော၊ လမ်းကြော မှန်ကန်စွာ သွားလာနိုင် ကြစေရေး၊ ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရေးတို့အတွက် မော်တော်ယာဉ်လမ်း ယာဉ်ကြောအမှတ်အသားသင်္ကေတများ ဖြစ်သော မျဉ်းသေယာဉ် လမ်းကြောင်း၊ ယာဉ်လမ်းကြောင်းကူး ပြောင်းနိုင်သည့် မျဉ်းဖြတ်များ၊ အဖြောင့် သွား ယာဉ်လမ်းကြောင်း၊ လက်ဝဲကွေ့ယာဉ်လမ်းကြောင်း၊ လက်ယာကွေ့ယာဉ်လမ်းကြောင်း၊ မီးပွိုင့်နေရာ အပိတ်မျဉ်းများ၊ ရှေ့တည့်တည့်အဖြောင့်သွားမြှားများ၊ အကွေ့မြှားများစသည့် သင်္ကေတမြှားများ လိုင်းစည်းများ ရေးဆွဲဆောင်ရွက်ခြင်းများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ ကိုဗစ်-၁၉ အသွားအလာကန့်သတ်ထားသည့် ကာလအတွင်း မော်တော်ယာဉ် သွားလာမှု နည်းပါးနေသည့် အချိန်များတွင် အဆိုပါ လုပ်ငန်းများကို ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မီးပွိုင့်နေရာများတွင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)