ကွန်ဟိန်း အောက်တိုဘာ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း နှင့် တိုက်ခြင်းလုပ်ငန်းများအား ယနေ့ နံနက် ၉ နာရီ အချိန်ခန့်မှ စ၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးခြင်း၊တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အသက်နှစ်လ မှ တစ်နှစ်ခွဲအောက် ကလေး ငယ်များ လစဉ် တစ်လခြား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း ၊တိုက်ကျွေးခြင်း ၊ကိုယ်ဝန်ဆောင် မိခင် များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)