ကမာရွတ်မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ  များသို့ လိုအပ်သည်များ လာရောက်လှူဒါန်း

 ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် လျက် ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များ နှင့်လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ပညာသင်နှစ်၊ အ.ထ.က(၂)ကမာ ရွတ် ကျောင်း မိသားစုမှ PPE ဝတ်စု (၅၀)စုံ တို့ကို ယမန်နေ့ နေ့လယ်(၁၂)နာရီက လာရောက် လှူဒါန်းခဲ့သည်။

ကျောက်ဆည်မြို့တွင် စပါးမျိုးစေ့ပက်ကျဲစိုက်ခင်းများ၌ ထွန်စက်ဖြင့်တွဲဖက်အသုံးပြုရသော စိုက်တန်းဖော်၊ ကြားပေါင်းလိုက် ကိရိယာ အသုံးပြုခြင်းဖြင့်တောင်သူများ စပါးအထွက်နှုန်းပိုမိုကောင်းမွန်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန့်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ(အင်းကုန်း)၊ အမှတ်(၂)စက်ရုံမှ စပါးမျိုးစေ့ပက်ကျဲ စိုက်ခင်းများအတွက် တီထွင်ထုတ်လုပ်ထားသော ထွန်စက်ဖြင့် တွဲဖက်အသုံးပြုရသည့် စိုက်တန်းဖော် ကြားပေါင်းလိုက် ကိရိယာအသုံးပြုခြင်းဖြင့် တောင်သူများ၏ စပါးစိုက်ခင်းများ အပင်ဖြစ်ထွန်းမှုကောင်းပြီး စပါးအထွက်နှုန်းပိုမိုကောင်းမွန် လျက်ရှိကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ် (၂၆)လမ်းဈေးအား အောက်တိုဘာလ (၆)ရက်နေ့မှစတင်၍ ယာယီပိတ်ထား မည်

ပန်းဘဲတန်းမြို့နယ်၊ (၂၆)လမ်းပျံကျဈေးအား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အောက်တိုဘာလ (၆) ရက်နေ့မှ စတင်၍ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရှိရသည်။

သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီးဘိုးဘွား(၁၆၆၅)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်မှ (၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအရ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ငွေပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အတွင်း သက်ကြီးဘိုးဘွားများအား ထောက်ပံ့ ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က တောင်ကြီးမြို့ လူမှုဝန်ထမ်း ဦးစီး ဌာနမှ အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်း‌စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က မိုင်းငေါ့တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့၌ ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၄)ခုနှင့် ကျေးရွာပေါင်း (၂၇)ရွာတို့တွင် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာန(ခွဲ)အလိုက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာထားမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယ အကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားမှုကို မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အောက်တို ဘာလ (၁) ရက်နေ့ မှ (၁၄)ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ ရုံး(၄၆) ရုံးတို့တွင် ကပ်ထားကြေညာထားရှိမှုကို ယနေ့ နံနက်(၉)နာရီ ကစတင်ပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ကျိုက်မ​ရောမြို့နယ်၌ ၂၀၁၉-၂၀၂၀ ခုနှစ် သဘာဝဘေးအန္တရာယ်​ကြောင့် ပျက်စီး သွား​သော ကြံသီးနှံ ပျက်စီးဧက(၇၀)အတွက် ​​ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊ကျိုက်မ​ရောမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း သဘာဝ ​ဘေးအန္တရာယ်​ကြောင့် ပျက်စီးသွား​သော ကြံသီးနှံပျက်စီး ဧက (၇၀ )အား ကိုဗစ်-၁၉ ​ရောဂါစီးပွား​ရေးကုစားမှု အစီအစဉ်ဖြင့်ကြံစိုက်​ တောင်သူများ အား ​ထောက်ပံ့ငွေပေးအပ်ပွဲကို ယ​နေ့ နံနက် ၁၀ နာရီက မြို့နယ်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊(​ရွှေဟင်္သာ) ခန်းမ၌ပြုလုပ်ခဲ့သည်။
Subscribe to