ကြည့်မြင်တိုင်မြို့နယ်တွင် ဓာတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အနောက်ပိုင်းဆေးရုံအနောက်ဘက် ဆေးငြိမ်းရပ်ကွက်ရှိ ဓာတ်အားလိုင်းပေါ်ကျနေသည့် သစ်ပင်သစ်ကိုင်းများနှင့် ရေမြောင်း လုပ်ငန်းနှင့် မလွတ်ကင်းသည့် အပင်များကို ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။