ဇလွန်မြို့နယ် ညောင်ပင်စျေးရပ်ကွက်အတွင်းရှိ စားဝတ်နေရေးအခက်အခဲရှိသည့်အိမ်ထောင်စု ( ၆၅၀ )ကို ဆန်ရိက္ခာထောက်ပံ့

ဇလွန် အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ညောင်ပင်စျေးရပ်ကွက်အတွင်းရှိ အမှန်တကယ်စားဝတ်နေရေး အခက်အခဲ ရှိသည့် အိမ်ထောင်စုများကို ယနေ့နံနက်ပိုင်းတွင် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ဇလွန်မြို့နယ်အတွင်းရှိ အလှူရှင်များစုပေါင်းလှူဒါန်းသော ဆန်ရိက္ခာများကို ညောင်ပင်စျေးရပ်ကွက် လူငယ်များမှ ညောင်ပင်စျေးရပ်ကွက်အတွင်းရှိ အမှန်တကယ် စားဝတ်နေရေးအခက်အခဲရှိသည့် အိမ်ထောင်စု (၆၅၀)ကို တစ်အိမ်ထောင်စုလျှင် ဆန်ရိက္ခာ (၅) ပြည်နှုန်းဖြင့် ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဝေယံ (ပြန်/ဆက်)