ကွမ်းလုံမြို့၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် နေရပ်မှ ပြန်လည်ရောက်ရှိလာသော ဆရာ/ဆရာမ များအား Facility Quarantine ထားရှိ

ကွမ်းလုံ အောက်တိုဘာ

ရှမ်းပြည်နယ်​(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် မိမိနေရပ်များမှ ပြန်လည်ရောက်ရှိလာသော ဆရာ/ဆရာမများအား အခြေခံပညာအထက်တန်းကျောင်း (ကွမ်းလုံ) ကျန်းမာရေးစောင့်ကြည့်မှု (Facility Quarantine)(၁၄)ရက်ကို ယနေ့ နံနက်ပိုင်းတွင် ထားရှိဆောင်ရွက်ကြောင်း သိရသည်။

ကျန်းမာရေးစောင့်ကြည့်မှုစင်တာကို အခြေခံပညာအထက်တန်းကျောင်း(ကွမ်းလုံ)နှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ(ဟိုလီ)များ၌ စီစဉ်ထားရှိပြီး ယနေ့နံနက်ပိုင်းတွင် ရေစကြိုမြို့()ဦး၊ ငဖဲမြို့()ဦး၊ ဒီပဲရင်း()ဦး၊ စလင်း()ဦး၊ ရမည်းသင်း()ဦး၊ တန့်ဆည်()ဦး စုစုပေါင်း(၂၁)ဦး ရောက်ရှိထားပြီး
ဖြစ်သည်။

အဆိုပါ ကျန်းမာရေးစောင့်ကြည့်မှုစင်တာတွင် ရောက်ရှိနေထိုင်နေသော ဆရာ/ဆရာမများကို မြို့နယ်ကြက်ခြေနီအသင်းနှင့် ပညာရေးဝန်ထမ်းတို့က နေ့စဉ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)