ပန်လုံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပန်လုံမြို့ဦးစီးမှူးရုံးမှ မြို့ဦးစီးမှူးဦးလစံနှင့် ဝန်ထမ်းများသည် ပန်လုံမြို့ရှိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိသည်။

မိုင်းရှူးမြို့၌ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် ရှိအသက်၂နှစ်အောက် ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်၉နာရီခန့်မှစတင်၍ ထိုးနှံ ပေးလျက်ရှိပါသည်။

မကွေးခရိုင် ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများပြသ

မကွေးခရိုင်၊ ချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများ ပြသထားလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းနှင့် အလှူငွေများ လာရောက်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်ကောင်စီ ရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကျောက်တလုံးကြီးမြို့၌ အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျောက်တလုံးကြီးမြို့ပေါ်(၆)ရပ်ကွက်ရှိ အသက်(၁)နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ပထမနိမ္မတသပိတ်မြတ်စေတီ၊ အောင်ဇဗ္ဗူလောင်းဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် အရေး ပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၈)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Subscribe to