သံတောင်ကြီးမြို့နယ်တွင် (CFW) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၉) ရွာနှင့် (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၇) ရွာတို့အား ကျေးရွာမတည်ရန်ပုံငွေများထုတ်ပေး
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) နှင့် (CFW) စီမံကိန်းများအတွက် ငွေထုတ်ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။